Dark Mode

Dark Mode

Dark Mode

PEST analysis ကို အဆင့် ၅ ဆင့်နဲ ဘယ်လိုဆောင်ရွက်မလဲ။ (External Environment Analysis)

စက်ရုံအတွင်းလုပ်ဆောင်နေတဲ့ ဓလေ့တွေက company တစ်ခုအောင်မြင်ဖို့ အများကြီးအရေးပါသလို အပြင်ကအကြောင်းအရာတွေကလည်း အရေးကြီးတယ်။ ဒီအကြောင်းအရာအချက်အလက်တွေက ကိုယ့်စီးပွားရေးရဲ့ ဘယ်လိုနေရာတွေမှာအရေးပါနေသလဲဆိုတာကိုတော့ PEST (Political, Economic, Social and Technological) Analysis နဲ့လေ့လာသုံးသပ်လို့ရတယ်။

၁) PEST ကိုနားလည်ပါ။
PEST analysis ကိုလုပ်ဖို့ဆိုရင် ပထမဆုံးအနေနဲ့ တစ်ခုချင်းဆီရဲ့ အဓိပါယ်ကို ကောင်းကောင်နားလည်ထားရမယ်။

**POLITICAL **
ဒါကတော့ အစိုးရချမှတ်ထားတဲ့ တရားဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေက Business တစ်ခုကို အမြတ်ရစေနိုင်လား၊ အောင်မြင်စေနို်င်ရဲ့လားဆိုတာကို ဆန်းစစ်တာ။ နိုင်ငံရေးတည်ငြိမ်မှု၊ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ၊ လုံခြုံရေးဆိုင်ရာဥပဒေတွေနဲ့့ ကုန်သွယ်ရေးဆိုင်ရာဥပဒေတွေကို လေ့လာဆန်းစစ်ရပါမယ်။
**ECONOMIC**
စီးပွားရေးတိုးတက်နှုန်း၊ အတိုးနှုန်း၊ ငွေကြေးဖောင်းပွနှုန်း၊ နိုင်ငံရဲ့စီးပွားရေးသံသရာလည်နေပုံတွေကို လေ့လာထားရမယ်။

**SOCIAL**
ဒါကတော့ ကိုယ့် Business က စျေးကွက်ထဲမှာဝင်ပြိးယှဉ်နိုင်၊မယှဉ်နိုင်သိရဖို့ နေရာဒေသတွေ ယဉ်ကျေးမှုတွေကို လေ့လာဆန်းစစ်တာပါ။ Customer တွေရဲ့ လိုအပ်ချက်တွေ နဲ့ သူတို့ဝယ်သင့်တဲ့ အကြောင်းအရင်းတွေပါဝင်မယ်။ အသက်အရွယ်၊ ပတ်ဝန်းကျင်၊ ကျန်းမာရေး၊ ပညာအရေအချင်း ဆိုင်ရာအချက်အလက်တွေကိုထည့်စဉ်းစားရမယ်။

**TECHNOLOGICAL**
Product ကို စျေးကွက်ဆီအရောက်ပို့ဖို့ နည်းလမ်းတွေလေ့လာတာပါ။ နည်းပညာ အဆင့်မြှင့်တာက Product ထုတ်လုပ်မှုကိုအဆင်မြှင့်စေသလို စျေးကွက်ထဲဝင်ရောက်ဖို့လည်း လွယ်ကူစေတယ်။ ဒါကြောင့် အစိုးရရဲ့နည်းပညာအပေါ်အသုံးစရိတ်၊ နည်းပညာအဆင့်မြှင့်မှု၊ အင်တာနက်နဲ့ အပြောင်းအလဲတွေကိုပါ လေ့လာဆန်းစစ်ထားဖို့လိုမယ်။

၂) လိုအပ်မဲ့ အချက်အလက်တွေကို စုစည်းထားပါ။
ကိုယ့် Business နဲ့ဆိုင်မဲ့ အပြင်ကသတင်းအချက်အလက်တွေကို တတ်နိုုင်သမျှစုစည်းထားပါ။ တချို့သတင်းအချက်အလက်တွေကို အင်တာနက်ပေါ်မှာရှာလို့ရသလို၊ တချို့ကိုတော့ကိုယ်တိုင်လည်းသုသေသနလုပ်ဖို့လိုမယ်။

၃) အခွင့်အရေးတွေကို ဆန်းစစ်ပါ။
လိုအပ်တဲ့အချက်အလက်တွေအားလုံးကို စုဆောင်းထားပြီးပြီဆိုရင် ဒီအပြောင်းအလဲတွေက ကိုယ့်အတွက်ဘယ်လိုအခွင့်အရေးမျိုးတွေကိုယူဆောင်လာပေးနိုင်တယ်ဆိုတာကို လေ့လာပါ။ ဥပမာ ဒါတွေက ကိုယ် Product တစ်ခုအသစ်ထုတ်ဖို့ လွယ်ကူစေသလား။

၄) ခြိမ်းခြောက်လာနိုင်မဲ့အရာတွေကို လေ့လာပါ။
အပြောင်းအလဲကယူဆောင်လာမဲ့ အခွင့်အလမ်းတွေကိုလေ့လာဖို့လိုသလို ကိုယ့်ကိုခြိမ်းခြောက်လာနိုုင်မဲ့ အရာတွေကိုလည်း ဆန်းစစ်ထားရမယ်။ ဒီလိုလုပ်တာက ကိုယ့်အတွက် ပြဿ နာတွေလျော့နည်းသွားစေမယ်။ ဥပမာပြောရရင် ကိုယ်သွားနေတဲ့ Market က ထိုးကျတော့မယ်ဆိုတာသိရင် တခြားနေရာတွေမှာစျေးကွက်ဖောက်ဖို့ ကြိုပြင်ဆင်ထားလို့ရတာပေါ့။

၅) လက်တွေ့အကောင်အထည်ဖော်ပါ။
အခွင့်အလမ်းတွေကို လေ့လာဆန်းစစ်ပြီးပြီဆိုရင် ဒါတွေကို Business Plan ထဲထည့်ပြီ အသုံးချဖို့ အချိန်ကျပြီ။ Risk တွေရှိတယ်ဆိုရင်လည်း ကိုယ်နဲ့သင့်လျော်မဲ့ဟာတွေကိုလုပ်ပြီး Risk ကိုရှင်းထုတ်ဖို့၊ မရှင်းထုတ်နိုင်ရင်တောင်လျော့ချဖို့ကြိုးစားပါ။

အပေါ်မှာရှင်းပြထားတဲ့အတိုင်းလုပ်မယ်ဆိုရင် သင့် Business အတွက် PEST Analysis ကို ကောင်းကောင်းမွန်မွန်လုပ်နိုင်မှာပါ။
Mohoam

Share:

Facebook
Twitter
Pinterest
LinkedIn

Leave a Comment

Social Media

Facebook
Twitter
LinkedIn

Most Popular

Get The Latest Updates

Subscribe To Our Weekly Newsletter

No spam, notifications only about new products, updates.