Dark Mode

Dark Mode

Dark Mode

အောင်မြင်တဲ့သူတွေ တစ်ပတ်ကို (၁၀) နာရီလောက် သူတို့ရဲ့ အလုပ်တွေကို ဘေးချပြီး အချိန်တွေကို ဘယ်မှာမြှုပ်နှံကြလဲ?

လူတော်တော်များများ သာမန်အဆင့်ပဲ ဖြစ်နေချိန်မှာ ဘယ်အရာက တစ်ချို့လူတွေကို ကမ္ဘာကျော် ခေါင်းဆောင်တွေ စွမ်းဆောင်ရှင်တွေ တီထွင်သူတွေ ပြောင်းလဲသူတွေ ဖြစ်စေတာပါလဲ။

အောင်မြင်တဲ့သူတွေဟာ သူတို့ရဲ့ urgent work တွေကနေ ခဏနားပြီး သူတို့အတွက် ဗဟုသုတ creativity နဲ့ energy တွေ ရေရှည်မှာ ရနိုင်မဲ့အရာတွေမှာ အချိန်တွေကို မြှုပ်နှံကြလို့ပါပဲ။ ပထမတော့ သူတို့ဟာ တစ်နေ့တာမှာ achieve ဖြစ်တာ နည်းပေမဲ့ သူတို့ဘဝတစ်လျောက်လုံးမှာ ပိုပြီး achieve လုပ်နိုင်ပါတယ်။

ဒါကို compound time လို့ခေါ်ပါတယ်။ ဒါက compound interest လိုပါပဲ။ အခုလုပ်လိုက်တဲ့ small investment လေးဟာ အချိန်ကြာလာတဲ့အခါမှာ ကြီးမားတဲ့ အကျိုးအမြတ်တွေ ရရှိစေမှာပါ။

ဥပမာအားဖြင့် Warren Buffett ဟာ လူပေါင်း ထောင်သောင်းချီတဲ့ အလုပ်သမားတွေပါဝင်တဲ့ ကုမ္ပဏီတွေကို ပိုင်ဆိုင်ထားပြီး တကယ်အလုပ်များတဲ့သူပါ။ ဒါပေမဲ့ သူဟာ သူ့ career ရဲ့ 80 % ကို စာဖတ်ခြင်းနဲ့ ကုန်ဆုံးပါတယ်တဲ့။

Ben Franklin က ပြောဖူးပါတယ်။ “An investment in knowledge pays the best interest” ပါတဲ့။

Buffett ရဲ့ တကယ့်ချမ်းသာမှု အကြောင်းရင်းဟာ
သူရဲ့ ပိုက်ဆံတွေကို compounding လုပ်လို့ချည်းပဲ မဟုတ်ပါဘူး။ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်အောင် သူ့ရဲ့ knowledge တွေကို compounding လုပ်တာရော ပါဝင်ပါတယ်။

စွန့်ဦးတီထွင်သူ ရင်နှီးမြှုပ်နှံသူ ပရဟိတသမား billionaire သူဌေး Paul Tudor Jones ကလဲ ပြောထားပါတယ်။ “Intellectual capital will always trump financial capital” ပါတဲ့။

ကိုယ့်ရဲ့ intellectual capital ကို တည်ဆောက် တိုးမြှင့်ဖို့ compound time activities တွေဖြစ်တဲ့ ဒီအရာတွေကို ခုချက်ချင်းပဲ စတင်ကျင့်သုံးလိုက်ပါ။

1. Keep a journal. It could change your life.

journal ဆိုတာကတော့ diary ရေးသလိုပါပဲ။ ကိုယ့်ရဲ့ တစ်နေ့တာအတွင်း ဖြစ်ပျက်ခဲ့တာတွေ ကိုယ့်အတွေ့အကြုံတွေအပြင် ကိုယ့်ရဲ့ စိတ်ခံစားချက် အတွေးအခေါ်တွေ ပြဿနာတွေ ကိုပါ ရေးရပါတယ်။
management consultant ဖြစ်တဲ့ Peter Drucker ဟာ သူဆုံးဖြတ်ချက်ချတဲ့အချိန်တိုင်း ဒီဆုံးဖြတ်ချက်ကြောင့် နောက်လတွေမှာ ဖြစ်နိုင်မယ်လို့ သူခန့်မှန်းထားတဲ့အရာတွေကို ချရေးပါတယ်။ သူ့ရဲ့ ကြိုတင်ခန့်မှန်းထားတာတွေကို တကယ့်လက်တွေ့ result တွေနဲ့ နှိုင်းယှဉ်ပါတယ်။

Leonardo da Vinchi ဟာဆိုရင် သူ့ရဲ့ တီထွင်မှုတွေ အနုပညာတွေအတွက် သူဟာ သူ့ရဲ့ ပုံကြမ်းတွေ အတွေးအခေါ်တွေကို စာမျက်နှာပေါင်း ထောင်ချီနေအောင် ရေးဆွဲထားပါတယ်။

Albert Einstein ဟာဆိုရင် သူ့ဘဝတစ်လျောက်လုံးမှာ notes တွေကို စာမျက်နှာ 80000 လောက် စုဆောင်းခဲ့ပါတယ်။

သမ္မတကြီး John Adams က သူ့ဘဝတစ်လျောက်လုံးမှာ journal ပေါင်း 51 ခုကို ရေးသားသိမ်းဆည်းခဲ့ပါတယ်။

မင်းရဲ့ စိတ်ကူးတွေ အကြံဉာဏ်တွေ အစီအစဉ်တွေ အတွေ့အကြံုတွေကို ချရေးလိုက်တဲ့အခါမှာ အဲ့တာတွေဟာ ပိုပြီးတော့ ရှင်းလင်းသွားမယ် မင်းကို ပိုပြီး တိကျလေးနက်စေပါတယ်။ သုတေသနပညာရှင်တွေကတော့ ဒါကို writing to learn လို့ ခေါ်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ အတွေ့အကြံုတွေကို အစီအစဉ်တကျ ဖြစ်အောင် လုပ်ပေးပြီး သေချာတဲ့ အဓိပ္ပာယ်ကောင်းတွေကို ပေးပါတယ်။ အဲ့ဒါကနေ knowledge နဲ့ discovery အတွက် အကောင်းဆုံးသော အရာတွေ ဖြစ်လာပါတယ်။ မင်းရဲ့ ဦးနှောက်က သူ့ဟာသူ အကြောင်းအရာ သုံးခုလောက်ကိုပဲ manage လုပ်နိုင်တဲ့အချိန်မှာ writing to learn လုပ်ခြင်းက မင်းကို ရှုပ်ထွေးတဲ့ အကြောင်းအရာတွေကို စဉ်းစားနိုင်စွမ်းတွေ ပေးပါလိမ့်မယ်။ writing to learn အတွက် လုပ်ထားတဲ့ လေ့လာချက်တွေအရ ဖော်ပြထားတာကတော့ ကျွန်တော်တို့အတွက် ကိုယ့်အတွေးတွေကို awareness ဖြစ်စေတဲ့ metacognitive thinking ကို ကူညီပေးပါတယ်တဲ့ ။ metacognitive thinking ဟာ performance တွေအတွက် အလွန်အရေးကြီးတဲ့အရာတစ်ခု ဖြစ်ပါတယ်။

2. Naps can dramatically increase learning, memory, awareness, creativity, and productivity.

စစ်ဆေးချက်တွေကနေ ရရှိလာတဲ့ အဖြေအရ nap researcher Sara Mednick က nap တွေကို တစ်နာရီကနေ တစ်နာရီခွဲအထိ စသည်ဖြင့် အိပ်စက်အနားယူခြင်းက learning consolidation အတွက် ညမှာ 8 နာရီ အပြည့်အဝ အိပ်တဲ့ ရလဒ်နီးပါး ရရှိနိုင်ပါတယ်တဲ့။

Albert Einstein ဟာ သူ့ရဲ့ တစ်နေ့တာကို broke up လုပ်ပြီး Princeton office ကနေ နေ့လည် 1:30 မှာ ပြန်လာ နေ့လည်စာစားပြီး ခဏအိပ်ပါတယ်။ နိုးလာမှ လက်ဖက်ရည်တစ်ခွက်သောက်ပြီး သူ့ရဲ့ နေ့လည်ခင်းကို စတင်ပါတယ်။

Thomas Edison ကတော့ တစ်နေ့ကို 3 နာရီထိ nap လုပ်ပါတယ်။
Winston Churchill ဟာ သူ့ရဲ့ ညနေစောင်းအချိန်တွေမှာ nap လုပ်လေ့ရှိပါတယ်။

John F. Kennedy က သူ့ရဲ့ အိပ်ရာ ထဲမှာ နေ့လည်စာစားပါတယ်။ ပြီးမှ တစ်နာရီ နှစ်နာရီလောက် nap ယူပါတယ်။
Leonardo Da Vinci က တစ်နေ့မှာ 10 မိနစ် nap တွေ အများကြီး ယူပါတယ်။

Margaret Thatcher က တစ်နေ့ကို တစ်နာရီ nap ယူပါတယ်။ Bill Clinton ကတော့ နေ့ခင်းမှာ 15-16 မိနစ်လောက် အိပ်စက်အနားယူပါတယ်။

5. Conversation partners lead to surprising breakthroughs

စာရေးဆရာ Joshua Shenk ရဲ့ Powers of Two: Finding the Essence of Innovation in Creative Pairs ဆိုတဲ့ စာအုပ်မှာ creativity ဆိုတာ individual မဟုတ်ဘဲ social ဖြစ်တယ်ဆိုတာကို ဖော်ပြထားပါတယ်။
စိတ်ပညာရှင် Daniel Kahneman နဲ့ Amos Tversky တို့ရဲ့ long daily walks တွေ အတွင်းမှာ ဆွေးနွေးကြတာကနေ a new theory of behavourial economics ကို တီထွင်နိုင်ခဲ့ပါတယ်။ ဒီအရာက Kahneman ကို နိုဘယ်လ်ဆု ရစေခဲ့ပါတယ်။

Tolkein နဲ့ C.S Lewis တို့ဟာ သူတို့ရဲ့ အလုပ်တွေကို တစ်ယောက်နဲ့တစ်ယောက် မျှဝေကြပြီး monday တွေမှာ တွေ့ဆုံဆွေးနွေးကြပါတယ်။
Artist တွေဖြစ်ကြတဲ့ Andy Warhol နဲ့ Pat Hackett ကတော့ မနက်တိုင်း diary အတူတကွ ရေးဖို့ နှစ်နာရီ အချိန်ပေးကြပါတယ်။ အဲ့ဒီမှာ အရင်နေ့တွေက လုပ်ခဲ့တဲ့ ကိစ္စရပ်တွေကို ပြန်လည်ဆွေးနွေးကြပါတဟ်။
တော်တော်များများကတော့ လူအများနဲ့ conversation တွေ လုပ်တာ ritualized group တွေ လုပ်ကြပါတယ်။ Theodore Roosevelt ရဲ့ Tennis Cabinet မှာ နေ့တိုင်း သူနဲ့အတူ exercise လုပ်ကြပြီး နိုင်ငံမှာ ကြံုနေရတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးကြတဲ့ သူ့ရဲ့ သူငယ်ချင်းတွေ diplomats တွေ ပါဝင်ပါတယ်။

The Vagabonds ဆိုတာကတော့ ကျော်ကြားတဲ့ သူငယ်ချင်း လေးယောက်အုပ်စုတစ်စုပါ။ Henry Ford ရယ် Thomas Edison နဲ့ Harvey Firestone တို့ John Burroughs တို့ အဖွဲ့ပါ။ သူတို့က နွေရာသီတိုင်းမှာ အတူတူ ခရီး သွားကြပါတယ်။ camping တွေ climbing တွေ လုပ်ရင်း သူတို့ရဲ့ သိပ္ပံဆိုင်ရာ တီထွင်မှုတွေနဲ့ business ventures တွေအကြောင်း ဆွေးနွေးကြပြီး လက်တလော ကမ္ဘာမှာ ဖြစ်နေတဲ့ကိစ္စရပ်တွေ ပြဿနာတွေကို ငြင်းခုံဆွေးနွေးကြပါတယ်။

6. Success is a direct result of the number of experiments you perform.

Jeff Bezos က ကျွန်တော်တို့ Amazon ရဲ့ အောင်မြင်မှုဟာ တစ်နှစ် တစ်လ တစ်ပတ် နေ့တစ်နေ့ အတွင်းမှာ ကျွန်တော်တို့ စမ်းသပ်ချက်တွေ ဘယ်လောက်လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အရာဖြစ်ပါတယ် လို့ ပြောထားပါတယ်။
မင်း ဘယ်လောက်ပဲ စာတွေ ဖတ်ထားဖတ်ထား ဘဟ်လောက်ပဲ ဆွေးနွေးထားပါစေ မင်း အမှားတွေ ပြုလုပ်မိတဲ့ အချိန်တွေလဲ ရှိဦးမှာပါ။ ဒါက မင်းကို စိတ်ပျက်စေတယ်ဆိုရင် Thomas Edison ကို သတိရလိုက်ပါ။ သူဟာ မီးလုံးကို တီထွင်နိုင်ဖို့ စမ်းသပ်ချက်ပေါင်း 9000 ကို ပြုလုပ်ခဲ့ရတာပါ။
စမ်းသပ်ချက်တွေဟာ real world မှာတင် လုပ်လို့ရတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဦးနှောက်မှာ reality ကို stimulate လုပ်နိုင်ဖို့ မယုံနိုင်လောက်တဲ့ စွမ်းရည်တွေပြီး ဖြစ်နိုင်ခြေတွေကို explore လုပ်နိုင်တဲ့ စွမ်းရည်တွေ ရှိပါတယ်။ Einstein ကတော့ thought experiment တွေကို သုံးပါတယ်။ ဒါကို ကျွန်တော်တို့တွေလဲ အသုံးပြုနိုင်ပါတယ်။ Thomas Edison တို့ Leonardo Da Vinci နဲ့ တစ်ခြားသော သူတွေရဲ့ journal တွေမှာ sketches တွေ mind map တွေနဲ့ ပြည့်နေတာပါ။

တစ်ခြားတစ်ခြားသောသူတွေကလဲ စမ်းသပ်ချက်တွေကို မကောင်းတဲ့ အလေ့အကျင့်တွေ ဖျောက်ပြီး ကောင်းမွန်တာတွေ တည်ဆောက်နိုင်ဖို့ အသုံးပြုကြပါတယ်။ စာရေးဆရာ ထုက်လုပ်သူ Shonda Rhimes က သူ့ရဲ့ extreme introversion ကို အနိုင်ယူဖို့ သူ့ကို ကြောက်ရွံ့စေတဲ့အရာအားလုံးကို Yes ပြောပြီး လေ့ကျင့်ခဲ့ပါတယ်။ ဒါကို သူက Year of Yes လို့ အမည်ပေးထားပါတယ်။ filmmaker Sheena Matheikan က တစ်နှစ်လုံးအနက်ရောင်ပဲဝတ်ပြီး sustainability ကို လေ့ကျင့်ခဲ့ပါတယ်။
Ralph Waldo Emerson က ” ဘဝကြီးဟာ စမ်းသပ်ချက်တစ်ခုပါ။ မင်း စမ်းသပ်ချက်တွေ များများလုပ်လေ ကောင်းလေပါပဲ” လို့ ပြောထားပါတယ်။
လူတိုင်းက အရှိန်မြှင့်ပြီး သူတို့ရဲ့ အချိန်ဇယားတွေကို cramming လုပ်ပြီး ရှေ့ရောက်အောင် လုပ်နေကြတဲ့အချိန်မှာ ဒီခေတ်ရဲ့ knowledger worker တွေ သိသင့်တာက ပြောင်းပြန်တစ်ခုပါ။ slow down လုပ်မယ်။ အလုပ်ကို လျော့လုပ်ပြီး သင်ယူလေ့လာတာ များများလုပ်ပါ။ ရေရှည်ကို အမြဲစဉ်းစားပါ။

Chit Su Moe Oo
Content Contributor
www.fb.com/yeclearningcenter

Share:

Facebook
Twitter
Pinterest
LinkedIn

Leave a Comment

Social Media

Facebook
Twitter
LinkedIn

Most Popular

Get The Latest Updates

Subscribe To Our Weekly Newsletter

No spam, notifications only about new products, updates.